Beginner ကနေ Industry-Ready Developer တစ်ယောက် အဖြစ် လေ့လာသင်ယူနိုင်မယ့် လက်တွေ့ Project အခြေခံ သင်တန်း
💡 Coding ကို စိတ်ဝင်စားပေမယ့် ဘယ်ကစရမှန်း မသိဖြစ်နေသလား? Background မရှိလို့ ခက်ခဲမယ်ထင်နေသလား? HeinLearn ရဲ့ သင်တန်းက Computer အခြေခံရှိရုံနဲ့ Beginner ဘဝကနေ Industry-ready Developer တစ်ယောက်ဖြစ်အောင် လက်တွဲခေါ်ယူသွားမှာဖြစ်ပါတယ်။ သင်ရိုးညွှန်းတမ်း အစုံအလင်နဲ့ လက်တွေ့ Project များကို ကိုယ်တိုင် ဖန်တီးတတ်အောင် ကျွန်တော်တို့က လေ့ကျင့်ပေးသွားမှာဖြစ်ပါတယ်။
💻 ဘာကြောင့် PHP (Laravel) ကို သင်ယူသင့်တာလဲ? လက်ရှိ Web Development လောကမှာ Structure အကျဆုံး၊ Security အကောင်းဆုံးနဲ့ လုပ်ငန်းခွင်မှာ အသုံးအများဆုံး Framework က Laravel ပါပဲ။ AI ခေတ်မှာ Code တွေက AI ဆီက ရနိုင်ပေမယ့် logic မခိုင်မာရင် ပြန်ပြင်ဖို့ ခက်ခဲတတ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က Logic စဉ်းစားနည်းကအစ အခြေခံကနေ သင်ကြားပေးမှာဖြစ်ပါတယ်။
Programming မစတင်ခင် Computer System တွေရဲ့ အလုပ်လုပ်ပုံကို အခြေခံကစပြီး Introduction to Computer System ကို လေ့လာရပါမယ်။
Git & GitHub အသုံးပြုပြီး Code များကို စနစ်တကျ Manage လုပ်နည်းနှင့် Team Collaboration အပိုင်းကို သင်ကြားပါမယ်။
HTML, CSS, Bootstrap ဖြင့် ခေတ်မီ လှပတဲ့ Website Design များကို လက်တွေ့ Project များနှင့် ဖန်တီးပါမယ်။
JavaScript & jQuery အသုံးပြုပြီး Website ကို Interactive ဖြစ်အောင် တည်ဆောက်နည်းများကို သင်ယူပါမယ်။
MySQL DBMS ကို အသုံးပြုပြီး Data များကို စနစ်တကျ သိမ်းဆည်းခြင်းနှင့် စီမံခန့်ခွဲနည်းများကို သင်ကြားပါမယ်။
Backend အတွက် PHP Programming ကို Theory နှင့် လက်တွေ့ Logic ရေးနည်းများ သင်ကြားပါမယ်။
Laravel Framework ကို အခြေခံမှ Professional အဆင့်အထိ လေ့လာပါမယ်။ Web Application Project ၂ ခုကို လက်တွေ့ ဖန်တီးပါမယ်။