( Live ) UI/UX & Figma Class - Batch 4

Beginner ကနေ Ready to UI/UX Designer တစ်ယောက်အဖြစ် လေ့လာသင်ယူနိုင်မယ့် လက်တွေ့ သင်တန်း

🎨 UI/UX Design ကို စိတ်ဝင်စားပေမယ့် ဘယ်ကစရမှန်း မသိဖြစ်နေသလား? Design Background မရှိလို့ ခက်ခဲမယ်ထင်နေသလား? HeinLearn ရဲ့ UI/UX & Figma Live Class က Beginner ဘဝကနေ Industry-ready Designer တစ်ယောက်ဖြစ်လာအောင် လက်တွဲခေါ်ယူသွားမှာဖြစ်ပါတယ်။ Design Theory အခြေခံကနေ Real World Project တွေအထိ ကိုယ်တိုင်ရေးဆွဲနိုင်အောင် လေ့ကျင့်သင်ကြားပေးသွားမှာပါ။

💻 ဘာကြောင့် UI/UX & Figma ကို သင်ယူသင့်တာလဲ?
ဒီနေ့ Digital Product လောကမှာ Website, Mobile App, Dashboard, Ecommerce Platform စတဲ့ Project အားလုံးအတွက် UI/UX Designer တွေလိုအပ်နေပါတယ်။ Figma ကလည်း လက်ရှိ Industry မှာ အသုံးအများဆုံး Design Tool ဖြစ်ပြီး Team Collaboration အတွက် အရမ်းအဆင်ပြေပါတယ်။ AI ခေတ်မှာ Design Template တွေ အလွယ်တကူရနိုင်ပေမယ့် User Experience Logic နဲ့ Creative Thinking မရှိရင် Professional Design တစ်ခု ဖန်တီးဖို့ခက်ခဲပါတယ်။ ဒါကြောင့် ကျွန်တော်တို့က Design Thinking, Color Theory, Typography, Wireframe, Prototype ကအစ အခြေခံကနေ စနစ်တကျ သင်ကြားပေးသွားမှာဖြစ်ပါတယ်။

📌 ဘာတွေ သင်ကြားပေးမှာလဲ? (Detailed Course Modules)

♦️ Design Foundation First

UI/UX Design မစတင်ခင် Design Principles, Color Theory, Typography, Layout & Visual Hierarchy တို့ကို အခြေခံကနေ လေ့လာရပါမယ်။

♦️ UI/UX Thinking Process

User Experience (UX) အတွက် User Flow, Wireframe, User Research, Design Thinking Process များကို လက်တွေ့ Example များဖြင့် သင်ကြားပေးပါမယ်။

♦️ Figma Mastery

Figma Tool ကို Beginner Level မှ Professional Level အထိ အသုံးပြုနည်း၊ Components, Auto Layout, Variants, Design System စသည့် Features များကို စနစ်တကျ သင်ကြားပါမယ်။

♦️ Mobile App Design

Modern Mobile App UI Design များကို Trending Design Style များနှင့်အတူ လက်တွေ့ရေးဆွဲပါမယ်။

♦️ Website UI Design

Responsive Website Design, Landing Page Design, Ecommerce UI Design များကို Professional Workflow ဖြင့် ဖန်တီးပါမယ်။

♦️ Prototype & Interaction

Prototype, Animation, Micro Interaction နှင့် User Testing များကို Figma တွင် လက်တွေ့တည်ဆောက်သင်ကြားပါမယ်။

♦️ Design System & Collaboration

Professional Team Workflow အတွက် Design System တည်ဆောက်နည်း၊ Developer Handoff နှင့် Team Collaboration Process များကို လေ့လာရပါမယ်။

♦️ Real World Projects

Course အတွင်း Real Client Style Project များကို ကိုယ်တိုင်ရေးဆွဲရမှာဖြစ်ပြီး Portfolio အတွက် အသုံးပြုနိုင်မယ့် Design Project များ ဖန်တီးနိုင်လာမှာဖြစ်ပါတယ်။

📅 သင်တန်း Schedule